Thursday, November 28, 2013

ရွှေဂုံတိုင် ခုံးကျော်တံတားကို ဒီဇင်ဘာ ၁ ရက်နေ့ စတင်သုံးခွင့်ရမည်


ရန်ကုန်၊ နိုဝင်ဘာ ၂၅
ဘုရင့်နောင်ခုံးကျော် နှစ်ထပ်တံတားကို နိုဝင်ဘာလ ၂၄ ရက်နေ့က မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီးနောက် ရွှေဂုံတိုင် ခုံးကျော်တံတားကို ဒီဇင်ဘာ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီမှစ၍ မော်တော်ယာဉ်များကို စတင်အ
ခုံးကျော်တံတားကို ဖြတ်သန်း အသုံးပြုသည့် မော်တော်ယာဉ်များ၏ ဆူညံသံကြောင့် ပြည်သူများ အနှောင့်အယှက် မဖြစ်စေရန် အသံထိန်းစနစ်ကို 
Excel Tower နှင့် Dagon Tower တို့တွင် လာမည့် ရက်သတ္တတစ်ပတ် အတွင်း အပြီးတပ်ဆင်မည်ဖြစ်ကာ တံတား တည်ဆောက်ချိန်က ပျက်စီးသွားသော တံတားစီမံကိန်း ဧရိယာ တစ်ဝိုက်ရှိ လမ်းများကိုလည်း နိုဝင်ဘာ ၃၀ ရက်နေ့အပြီး ပြန်လည် ပြုပြင်ပေး သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။


တံတားအရှည် ၂၀၅၉ ဒသမ ၅၅ ပေနှင့် ယာဉ်သွားလမ်းအကျယ် ၄၅ ဒသမ ၅၉ ပေရှိပြီး လေးလမ်းသွားဖြစ်သော ယင်းတံတားမှာ ခံနိုင်ဝန်တန် ၆၀ ရှိကြောင်း ယင်းတံတား တည်ဆောက်မှု မှတ်တမ်းအရ သိရသည်။ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းဆုံ ကမ္ဘာအေး ဘုရားလမ်းမပေါ်တွင် တည်ဆောက်ထားသည့် ယင်းခုံးကျော် တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်ဆောက်လုပ်ခဲ့ပြီး ယခုနှစ နိုဝင်ဘာ ၃၀ ရက်ညတွင် အပြီးတည်ဆောက်မည် ဖြစ်သောကြောင့် တံတား တည်ဆောက်ချိန် တစ်နှစ်နီးပါး ကြာမြင့်ခဲ့သည်။မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာကျသော ရန်ကုန်မြို့တွင် မော်တော်ယာဉ် အသုံးပြုမှု သိပ်သည်းမှုနှင့် လမ်းပိတ်ဆို့မှု ဆိုးရွားစွာ ကြုံတွေ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက အချက်အချာကျသော လမ်းဆုံလမ်းခွ များတွင် ခုံးကျော် တံတား တည်ဆောက်ရေး စီမံကိန်းကို စတင်ခဲ့ရာ ရွှေဂုံတိုင် ခုံးကျော်တံတား အပါအဝင် လှည်းတန်း ခုံးကျော်တံတားနှင့် ဘုရင့်နောင် နှစ်ထပ် ခုံးကျော် တံတားတို့ကို ယခုနှစ်အတွင်း တည်ဆောက် ပြီးစီးခဲ့ခြင်း ဖြစ်သည်။
သုံးပြု ဖြတ်သန်းခွင့် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တံတား ဆောက်လုပ်သည့် Capital Development Co.,Ltd. ၏ စီမံကိန်း ဒါရိုက်တာ ဦးအေးသော်က ပြောကြားသည်။

No comments:

Post a Comment