နေပြည်တော် နိုဝင်ဘာ ၂၄
(၆၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ
ညီလာခံ တတိယ ကော်မတီ၏ အစည်းအဝေးကို
နိုဝင်ဘာ ၁၉ရက်တွင် အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့၌ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊
အီရန်နှင့် မြောက်ကို ရီးယား နိုင်ငံတို့၏ လူ့အခွင့်
အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းများကို
အရေးယူ ဆုံးဖြတ် ခဲ့ကြကြောင်း၊ မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အချို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်က ကန့်ကွက် ပြောကြားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ညီလာခံ တတိယ ကော်မတီ၏ အစည်းအဝေးကို
နိုဝင်ဘာ ၁၉ရက်တွင် အမေရိကန် ပြည်ထောင်စု
နယူးယောက်မြို့၌ ကျင်းပရာ မြန်မာ၊ ဆီးရီးယား၊
အီရန်နှင့် မြောက်ကို ရီးယား နိုင်ငံတို့၏ လူ့အခွင့်
အရေး အခြေအနေ ဆိုင်ရာ အဆို မူကြမ်းများကို
အရေးယူ ဆုံးဖြတ် ခဲ့ကြကြောင်း၊ မြန်မာ နိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက် အချို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်က ကန့်ကွက် ပြောကြားမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ အဆို မူကြမ်းများကို အရေးယူ ဆုံးဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ သတင်းဌာနမှ နိုဝင်ဘာ ၁၉ရက် ရက်စွဲဖြင့် ထုတ်ပြန်သည့် အစည်းအဝေး သတင်း မှတ်တမ်းတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ တိုးတက်ကောင်းမွန် လာမှုကို ကိုယ်စားလှယ်အဖွဲ့က တစ်ခဲနက်ကြိုဆို ခဲ့ကြပါကြောင်း DELEGATES HAIL HUMAN RIGHTS IMPROVEMENTS IN MYANMAR AS THIRD COMMITTEE APPROVES 8 DRAFT RESOLUTIONS, INCLUDING 4 COUNTRY-SPECIFIC TEXTS ခေါင်းစီးဖြင့် အလေးပေး ဖော်ပြ ထားသည်ကို တွေ့ရှိ ရသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အဆိုမူကြမ်းနှင့် ပတ်သက်၍ တတိယ ကော်မတီ၌ အရေးယူ ဆုံးဖြတ်သည့် အချိန်တွင် ပါဝင် ဆွေးနွေး ပြောကြားသူ အချို့က မြန်မာနိုင်ငံတွင် အပြု သဘော ဆောင် သည့် စီးပွားရေးနှင့် နိုင်ငံရေး ဖြစ်ပေါ် တိုးတက်မှုများကို အသိအမှတ်ပြု ကြိုဆိုခဲ့ကြပြီး အနာဂတ်တွင် မြန်မာ နိုင်ငံအတွက် အလားတူ အဆိုမူကြမ်းအား တတိယ ကော်မတီတွင် တင်သွင်းမှုကို အဆုံး သတ်ကြရန် တောင်းဆို ခဲ့ကြကြောင်းလည်း သိရသည်။
အဆိုမူကြမ်းကို ကော်မတီက မဲမခွဲဘဲ အတည်ပြု ချမှတ်ပြီးနောက် ယင်းဆုံးဖြတ်ချက် နှင့်စပ်လျဉ်း၍ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်တင်က ဆုံးဖြတ်ချက်တွင် ပါရှိသည့် ရိုဟင်ဂျာ လူနည်းစုဟူသည့် စကားအသုံး အနှုန်းကို ယခင်ကာလ များအတိုင်း ဆန့်ကျင်ပါကြောင်း၊
မိမိတို့ မြန်မာနိုင်ငံတွင် ရှိသော တိုင်းရင်းသား လူမျိုးစု ၁ဝဝကျော်အနက် ထိုကဲ့သို့သော လူမျိုးစုတစ်စု မည်သည့် အခါကမှ မရှိခဲ့ ပါကြောင်း၊ အကြမ်းဖက်မှုများ ပြန်လည် ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် ပြစ်မှု ကျူးလွန် သူ များအား လူမျိုးဘာသာ မခွဲခြားဘဲ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတော် အစိုးရ အနေဖြင့် ဆောင်ရွက် လျက်ရှိသည်ကို အရေးကြီးဆုံး အချက်အဖြစ် တင်ပြ လိုပါကြောင်း၊
မကြာခင်က မြန်မာနိုင်ငံသို့ အိုအိုင်စီ အဖွဲ့၏ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ရောက်ရှိချိန်တွင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ရန်၊ ပြည်သူလူထုကို အကာ အကွယ် ပေးရန်နှင့် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ် ခွင့် များအား အပြည့်အဝ လေးစားလိုက်နာ စေရေး ဆောင်ရွက်ရန် တို့အတွက် အာမခံကြောင်းကို နိုင်ငံတော် အစိုးရက ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း၊
ကိုးကွယ်ယုံကြည်မှု မတူညီသူ အချင်းချင်း စေ့စပ် ဆွေးနွေးမှုများ အားပေး မြှင့်တင်ရန်နှင့် လူသားချင်း စာနာ ထောက်ထားမှု အထောက် အပံ့များ ပေးအပ်ရေး တို့ကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် နိုင်ငံတော် အစိုးရ တို့ ပူးပေါင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ပါကြောင်း၊ အိုအိုင်စီ အဖွဲ့အား လာရောက် ခွင့်ပြုခြင်းမှာ မြန်မာ နိုင်ငံ၏ လူသားချင်း စာနာ ထောက်ထားမှု အခြေအနေ အရပ်ရပ်ကို ယခုထက် ပိုမိုကောင်းမွန် လာစေရန် နိုင်ငံတကာ အသိုင်း အဝိုင်းနှင့် ဆက်ဆံရေးအတွက် အသင့်ရှိသည်ကို မြန်မာနိုင်ငံက ပြသခဲ့ခြင်း ဖြစ်ပါကြောင်း၊
မြေယာပိုင်ဆိုင်မှု အခွင့်အရေး သို့မဟုတ် လွတ်လပ်စွာ သွားလာလှုပ်ရှားမှု သို့မဟုတ် ရပိုင်ခွင့်များရယူ အသုံးပြု မှုကဲ့သို့သော တည်ဆဲဥပဒေ အောက်တွင်ရှိသည့် လုံခြုံရေး အခြေအနေများ နှင့်အညီ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေအရ ထည့်သွင်းစဉ်းစား သွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတည်းကို ရွေးချယ်၍ ညီလာခံ တွင် တရားဝင် တင်ပြပြီး ဆုံးဖြတ်ချက် ချမှတ်မှုကို ကန့်ကွက်ပါကြောင်း၊ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး စောင့်ကြည့်ရေး အစီရင်ခံစာ အဖွဲ့ (UPR) သည်သာ နိုင်ငံတိုင်းတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး အခြေအနေများကို မျှတစွာ ဖြေရှင်းရမည့် တစ်ခုတည်းသော စောင့်ကြည့်သည့် ယန္တရားဖြစ် သည်ဟု ယုံကြည်ပါကြောင်း၊
လူ့အခွင့်အရေးကို အကာအကွယ် ပေးခြင်းနှင့် အားပေးမြှင့်တင်ခြင်း လုပ်ငန်းမှာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ တာဝန်ဝတ္တရား အတိုင်း လိုက်နာဆောင်ရွက်ပြီး အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်မှု စွမ်းရည် ခိုင်မာ အားကောင်း လာစေရန် စစ်မှန်သော စေ့စပ် ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု အခြေခံများပေါ်တွင် အခြေခံ သင့်သည်ဟုလည်း မိမိတို့ ယုံကြည်ပါကြောင်း၊ ကော်မတီ ဆုံးဖြတ်ချက်မူကြမ်းပါ မြန်မာတစ်နိုင်ငံ တည်း၏ အရေးကိစ္စကို တင်ပြခြင်းအား ကုလ သမဂ္ဂ၏ စုံစမ်း စစ်ဆေးမှု အောက်တွင် ဆက်လက်ထားရှိခြင်း မပြုသင့်ပါကြောင်း၊ ကုလသမဂ္ဂ အထူး သံတမန်၏ တရားဝင် လေ့လာစုံစမ်းမှုကို အဆုံးသတ်ရန် အချိန်ကျ ရောက်လာမည် ဖြစ်ပါကြောင်း ပြောကြား ခဲ့သည်။
ယင်းဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အနေဖြင့် မြန်မာနိုင်ငံ အစိုးရ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေး အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ၊ ဒီမို ကရေစီ ဖော်ဆောင်မှုနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ ဆက်လက် လျှောက်လှမ်း မည်ဖြစ် ကြောင်း ကတိကဝတ် ပြုထားမှုကို ကြိုဆိုသည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
From - http://www.myawady.com.mm
No comments:
Post a Comment