Sunday, November 24, 2013
ပညာသင်ထောက်ပံ့ ကြေးနှင့် လက်တွေ့အလုပ်သင် တွဲဖက် ပါဝင်သော ဘာသာရပ်များ ဆိုင်ရာ အကြံပြု ဆွေးနွေးပွဲ ပြုလုပ်မည်
လက်တွေ့ အလုပ်သင် တွဲဖက် ပါဝင်သော ဘာသာရပ်များအတွက်မြန်မာကျောင်းသူ၊ ကျောင်းသားများ အတွက် ဘာသာရပ် အလိုက် ပေးအပ်မည့် ပညာသင်ထောက် ပံ့ကြေးနှင့် ပညာသင်ဆုများဆိုင်ရာ အကြံပြု ဆွေးနွေးပွဲ ကို နိုဝင်ဘာ ၂၃ ရက်တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီ အတွင်း Dimensions International College ၏ မြန်မာပြည် ရုံးခွဲ ဖြစ်သော Dimesions Education Center တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲတွင် Dimensions International College, Singapore မှ မြန်မာကျောင်းသူ၊ ကျောင်းသားများအား ဘာသာရပ် အလိုက် ပေးအပ်မည့် Study Grant များ၊ Scholarship များ၊ စာတွေ့ပြီးဆုံးပါက ရရှိနိုင်မည့် လက်တွေ့ အလုပ်သင်များ၊ ကျောင်းပြီးပါက ရရှိနိုင်မည့် အလုပ်အကိုင် အခွင့်အလမ်း များနှင့် မြန်မာပြည်ရုံးခွဲ မှ ဆောင် ရွက်ပေးမည့် free services များ အကြောင်းကို အသေးစိတ် ရှင်းလင်း ပြောကြားပေးသွားမှာ ဖြစ်သည်။ ထို့အပြင် ကျောင်းသူ၊ ကျောင်းသားများအတွက် မိမိကို ဝါသနာ အလိုက် သင့်တော်ရာ ဘာသာရပ်များ၊ ပညာရေး လမ်းကြောင်းများ လျှောက်ထားနိုင်မည့် Installment များ၊ လိုအပ်သော စာရွက် စာတမ်းများ စသည်တို့ကို အခမဲ့ အကြံပြု ဆွေးနွေးပေးသွားမှာ ဖြစ်သည်။ တက်ရောက်လိုသူများနှင့် စိတ်ပါဝင်စားသူများ အနေဖြင့် Dimensions International College ၏ မြန်မာပြည် ရုံးခွဲဖြစ်သော Dimensions Education Center ဖုန်း ၀၉-၄၅ ၀၀၄၄၁၁၇၊ ၀၉-၄၂၁၀၇၆၈၅၈ သို့ စာရင်းပေးသွင်း တက်ရောက်နိုင်သည်။ အေးဖြူ - See more at: http://www.myanmarinternetjournal.com/content/9466#sthash.PXGdhPEE.dpuf
Subscribe to:
Post Comments (Atom)
No comments:
Post a Comment