Tuesday, November 26, 2013

ဒေါ်လာဈေးနေ့စဉ်တက်နေ


ဗ​ဟို​ဘဏ်​က ​နေ့​စ​ဉ် ​ထုတ်​ပြန်​ပေး​နေ​တဲ့ ​ရည်​ညွန်း​နိုင်​ငံ​ခြား​ငွေ​လဲ​နှုန်း​က ​ပြီး​ခဲ့​တဲ့ ​နိုဝင်​ဘာ ၂၁ ​ရက်​နေ့​က​စ​လို့ ​နေ့​စ​ဉ် ​အ​တက်​ဘက်​မှာ​ဘဲ ​ရှိ​ခဲ့​တဲ့​အ​တွက် ​အ​မေ​ရိ​ကန် ၁ ​ဒေါ်​လာ​တန်​ဖိုး​က ​ဒီ​နေ့​မှာ​ဆို​ရင် ၉၈၁ ​ကျပ် ​ရှိ​လာ​ပြီး ​တ​နေ့​ကို ​ပျမ်း​မျှ ၁ ​ကျပ်​နှုန်း​လောက်​နဲ့ ​မြင့်​တက်​လာ​နေ​တာ ​ဖြစ်​ပါ​တယ်။  ရည်​ညွန်း ​နိုင်​ငံ​ခြား​ငွေ​လဲ​နှုန်း ​အ​ပြောင်း​အ​လဲ​နဲ့​အ​တူ ​ငွေ​လဲ​ကောင်​တာ​တွေ​မှာ ​ရောင်း​၀ယ် ​နေ​တဲ့ ​ဈေး​နှုန်း​က​လဲ ​လိုက်​ပါ ​ပြောင်း


လဲ​မှု ​ရှိ​ခဲ့​လို့ ​ဒီ​နေ့​မှာ​ဆို​ရင် ​အ​မေ​ရိ​ကန် ၁ ​ဒေါ်​လာ​ရဲ့ ၀ယ်​ဈေး​က ၉၈၃ ​ကျပ်​နဲ့ ​ရောင်း​ဈေး​က ၉၈၈ ​ကျပ် ​ရှိ​နေ​တယ်​လို့ ၀ယ်​ဈေး​နဲ့ ​ရောင်း​ဈေး​က ​ပြီး​ခဲ့​တဲ့​ရက်​ပိုင်း​နဲ့ ​ယှ​ဉ်​ရင် ၁၀ ​ကျပ်​အ​ထိ ​မြင့်​တက်​မှု ​ရှိ​လာ​တယ်​လို့ ​ငွေ​လဲ​ကောင်​တာ​တွေ​က ​ဆို​ပါ​တယ်။ ---

No comments:

Post a Comment