Sunday, September 29, 2013

ဖီအိုရင်တီးနား၏ ရာသီအစ ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်လိုက်သော အင်တာမီလန်

လန်ဒန် စက်တင်ဘာ ၂၈
အင်တာမီလန် အသင်းသည် စက်တင်ဘာ ၂၆ ရက်က ကစားခဲ့သော အိမ်ကွင်းပွဲစဉ်တွင် ဖီအိုရင်တီးနား အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ ၎င်းတို့၏ ရာသီအစ ရှုံးပွဲမရှိ စံချိန်ကို အဆုံးသတ် ပေးလိုက်ကြောင်း သိရသည်။
အဆိုပါစီးရီးအေပွဲစဉ်တွင် အိမ်ရှင် အင်တာမီလန်အသင်းသည် ပွဲအစပိုင်းတွင် ဖီအိုရင်တီးနား အသင်းအား ထိုးဖောက် နိုင်ခဲ့ခြင်း
မရှိဘဲ ပွဲပထမပိုင်းပြီး ဆုံးသည်အထိ နှစ်ဖက်အသင်း နှစ်သင်းလုံး ဂိုးရယူနိုင်ခဲ့ခြင်း မရှိပေ။
ပွဲချိန် ဒုတိယပိုင်း မိနစ် ၆ဝ တွင် ဖီအိုရင်တီးနားအသင်းမှ  ရူးဆက် ပီရော့ဆီက ပင်နယ်တီဖြင့် ဦးဆောင် ဂိုးကို စတင် သွင်းယူခဲ့သည်။
သို့သော် ၁၂ မိနစ်ခန့် အကြာတွင် အိစတင်ဘနာ ကမ်ဘီယာဆိုက အိမ်ရှင်အသင်းအတွက် ချေပဂိုးပြန်လည် ရယူ ပေးခဲ့ပြီး ပွဲပြီးခါနီး သုံးမိနစ်ခန့် အလိုတွင် ဂျော်နသန်က  ပွဲသိမ်း အနိုင်ဂိုးကို ၁၂ ကိုက်ခန့်အကွာမှ  ပြောင်မြောက် စွာ သွင်းယူပေးခဲ့သည်။
ယခုအခါ အင်တာမီလန်အသင်းသည် နာပိုလီ၊ ဂျူဗင်တပ် အသင်းတို့နှင့် ရမှတ်တူကာ ၎င်းအသင်း သုံးသင်းလုံးသည်  အမှတ်ပေး ဇယား ထိပ်ဆုံးရှိ ရိုးမားအသင်း၏ နောက်နှစ်မှတ် အကွာ၌ ရပ်တည်လျက် ရှိကြသည်။
ရိုးမားအသင်းသည် စီးရီးအေတွင် ရာသီအစ ပွဲစဉ်ငါးပွဲလုံး  အနိုင်ရရှိ ထားသည့်  အသင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment