Sunday, September 29, 2013

Dead Arrivial မိုဘိုင်းဂိမ်းသစ်

Zombie တွေကို တိုက်ခိုက်ချေမှုန်းရမယ့် ဂိမ်းအမျိုးအစား တစ်ခုဖြစ်တဲ့ Dead Arrivial ဆိုတဲ့ ဂိမ်းဖြစ်ပါတယ်။
ဒီဂိမ်းမှာ သင်ဟာ သင့်ကိုရန်မူလာတဲ့ Zombie တွေကို လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်ချေမှုန်း ရမှာဖြစ်ပါတယ်။
ဒီဂိမ်းဟာ တစ်ဦးချင်းသော်လည်းကောင်း၊ Multiplayer 


တေးအယ်လ်ဘမ်သစ် သုံးခု ထုတ်လုပ်ရန် ဆိုင်မွန်ကိုဝယ်လ်နှင့် စာချုပ်ချုပ်ဆိုလိုက်သည့် One Direction အဖွဲ့ 

လော့စ်အိန်ဂျလိစ် စက်တင်ဘာ ၂၇
မိန်းကလေး ပရိသတ်များ အသည်းစွဲ One Direction အဆိုအဖွဲ့သည် ယခုအချိန်မှစ၍ ၂ဝ၁၆ ခုနှစ် အတွင်း တေးအယ်လ်ဘမ်သစ် သုံးခုဖြန့်ချိရန်

ဆိုင်မွန်ကိုဝယ်လ်၏ Syco တေးထုတ်လုပ်ရေးနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ တေးအယ်လ်ဘမ်သစ်  


ဖီအိုရင်တီးနား၏ ရာသီအစ ရှုံးပွဲမရှိစံချိန်ကို အဆုံးသတ်လိုက်သော အင်တာမီလန်

လန်ဒန် စက်တင်ဘာ ၂၈
အင်တာမီလန် အသင်းသည် စက်တင်ဘာ ၂၆ ရက်က ကစားခဲ့သော အိမ်ကွင်းပွဲစဉ်တွင် ဖီအိုရင်တီးနား အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူကာ ၎င်းတို့၏ ရာသီအစ ရှုံးပွဲမရှိ စံချိန်ကို အဆုံးသတ် ပေးလိုက်ကြောင်း သိရသည်။
အဆိုပါစီးရီးအေပွဲစဉ်တွင် အိမ်ရှင် အင်တာမီလန်အသင်းသည် ပွဲအစပိုင်းတွင် ဖီအိုရင်တီးနား အသင်းအား ထိုးဖောက် နိုင်ခဲ့ခြင်း

ပြည်သူများ စိတ်ဝင်စား စေနိုင်မည့် မိုင်ဒါကွင်း ကားပြပွဲကြီး

ရန်ကုန် စက်တင်ဘာ ၂၈
ကားပြပွဲများကို စိတ်ဝင်စားမှု နည်းပါးနေသည့် ပြည်သူများ၏ စိတ်အာရုံကို မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီး ANGON INTERNATIONAL AUTO SHOW  
 
 
 
 
 

Saturday, September 28, 2013

HIV ကာကွယ်ဆေးတွေ့တော့မှာလား

HIV နဲ့ အလားတူတဲ့ SIV ရောဂါပိုးက HIV ပိုးထက် ၁၀ ဆ အန္တရာယ် ပိုများ
အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက HIV နဲ့ အလားတူတဲ့ ရောဂါပိုး တမျိုး ဖြစ်တဲ့ SIV ရောဂါပိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတမျိုးကို မျောက်တွေမှာ စမ်းသပ်ကြည့်ခဲ့ရာမှာ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။


တရုတ်လူကုန်ကူးသူတွေလက်က ကလေး ၉၂ ယောက်ကယ်နိုင်

တရုတ်နိင်ငံမှာ လူမှောင်ခိုဂိုဏ်းတခုက ဖမ်းဆီးထားတဲ့ ကလေးငယ် ၉၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်ကို ရဲတွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအမှုနဲ့ဆက်နွယ်ပြီး မသင်္ကာသူ ၃၀၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ အစိုးရပိုင် ရှင်ဟွာသတင်းက ပြောပါတယ်။





Saturday, September 21, 2013

မြန်မာနိုင်ငံတွင် 2015 မော်တော်ယာဉ်စတင်ထုတ်လုပ်မည်

နေပြည်တော်၊ စက်တင်ဘာ ၂၀

ဂျပန်နစ်ဆန်း (Nissan) ကုမ္ပဏီနှင့် မလေးရှားမှ Tan Chong Group တို့ ပူးပေါင်း၍ ပဲခူးတိုင်းဒေသကြီးအတွင်း တည်ဆောက်မည့် နစ်ဆန်း မော်တော်ယာဉ် စက်ရုံက ၂၀၁၅ ခုနှစ...်မှ စတင်၍ နှစ်စဉ် မော်တော်ယာဉ်စီးရေ တစ်သောင်း ထုတ်လုပ်မည် ဖြစ်ကြောင်း နစ်ဆန်းကုမ္ပဏီ အမှုဆောင် အရာရှိချုပ် Mr. Carlos Ghosn က ပြောကြားသည်။


မန္တလေးတွင် ငလျင်(၃)ကြိမ် ဆက်တိုက်လှုပ်ခတ်


မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အနီးတစ်ဝိုက်တွင် ငလျင်သုံးကြိမ် ဆက်တိုက် လှုပ်ခတ်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၅၈ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၈၀ အကွာ သပိတ်ကျင်းမြို့အနီးတွင် ရစ်ခ်ျစတာစကေး ၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခ...ဲ့ကြောင်း၊ ယင်းနောက် ညနေ ၆ နာရီ ၂၃ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက်မိုင် ၆၀ ခန့်အကွာ သပိတ်ကျင်းမြို့နယ် အနီးတွင် အင်အား အသင့်အတင့်ရှိ ရစ်ခ်ျစတာစကေး ၅ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့ကြောင်း ဆိုပါဌာနမှ သိရသည်။

ဒုတိယအကြိမ် လှုပ်ခတ်မှုတွင် သပိတ်ကျင်း၊ ရွှေဘို၊ စဥ့်ကူးမြို့များတွင်လည်း ငလျင်လှုပ်ခတ်မှု ခံစားမှု ရှိကြောင်း ယင်းမြို့ခံများက ပြောကြားသည်။

တတိယအကြိမ်အဖြစ် ညနေ ၆ နာရီ ၅၅ မိနစ်တွင် မန္တလေးမြို့ မြေငလျင်စခန်းမှ မြောက်ဘက် ၆၅ မိုင် သပိတ်ကျင်းမြို့ အနောက်မြောက်ဘက် ၄ မိုင်ခန့် အကွာတွင် အင်အား ရစ်ခ်ျစတာစကေး ၅ ဒသမ ၄ ရှိ ငလျင် ထပ်မံလှုပ်ခတ်ကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထပ်မံသိရှိရသည်။

အဆိုပါ ငလျင်လှုပ်မှုကို သပိတ်ကျင်း၊ မတ္တရာ၊ မြင်းမူ၊ မြစ်ငယ်၊ မိုးကုတ်၊ မိုးမိတ်၊ မန္တလေး၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့တို့ကလည်း ခံစားမှုရှိကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းငလျင်များကြောင့် ဖြစ်ပေါ်သည့် ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှု အခြေအနေကိုမူ မသိရှိရသေးပေ။ ယင်းသို့ ငလျင်လှုပ်ခတ်ခြင်းမှာ စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် ဖြစ်နိုင်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်း မြို့နယ်တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ ရှိ ငလျင်လှုပ်ခတ်ခဲ့ဖူးသည်။ ၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် တာလေမြို့နယ်ခွဲတွင် လှုပ်ခတ်ခဲ့သည့် အင်အား ရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ တာလေ ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးပြီး လူ ၃၀၀ ဦးခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။